11.16.2017

အသက် ၂ နှစ်အရွယ်ကလေးလေး ထောင် အနှစ် 150 ကျသွားခြင်းနဲ့ နှစ်ကြီးသမား ကလေးအကျဉ်းသားများ

အသက် ၂ နှစ်အရွယ်ကလေးလေး ထောင် အနှစ် 150 ကျသွားခြင်းနဲ့ နှစ်ကြီးသမား ကလေးအကျဉ်းသားများ
ကလေး တွေရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေထုတ်သူတွေဟာ တော်တော်ခေါင်းစားခဲ့ရသလို ကလေးတွေကို ပြစ်ဒဏ်ခတ်ဖို့ကိစ္စကိုလဲ အာဏာပိုင်တွေခေါင်းစားခဲ့ရပါတယ်။တချို့ပြစ်ဒဏ်တေါက ရာဇဝတ်မှု မလိုက်အောင် မလိုက်အောင် လျှော့ပေါ့သလို တချို့ကလည်း ဘာမှန်းမသိလိုက်ပဲ ပြစ်ဒဏ်များစွာ ပေးခံခဲ့ရပါတယ်။ဒီလို အပြစ်သားကလေးတွေနဲ့ သူတို့ရဲ့ ပြစ်ဒဏ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

#10- Ahmed Mansour Karni 
Ahmed Mansour Qurani Ali ဆိုတဲ့ 2 နှစ်သား ကလေးကို အီဂျစ်အစိုးရက အကြမ်းသမား၊လူသတ်ရန် ကြိုးပမ်းသူနဲ့ ရဲကို တိုက်ခိုက်သူအဖြစ်စွဲချက်တင်ပြီး နှစ် 150 ထောင်ဒဏ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။2 နှစ်သားကလေးက ဒါတွေကို တကယ်လုပ်ခဲ့သည့်တိုင်အောင် ရဲတွေက မကာကွယ်နိုင်လောက် အရည်အချင်းစုတ်ပဲ့နေသူတွေ ဖြစ်နေပြီလား မေးစရာပါပဲ။သနားစဖွယ် ကလေးလေးဖြစ်ပါတယ်။ 

#9-Eric Smith 
Eric Smith. ကတော့ သူ အသက် ကိုးနှစ်သားထဲက လူသတ်ခဲ့တာဖြစ်ပြီး 1994 မှာ ထောင်ထဲရောက်ခဲ့သူဖြစ်ပါတယ်။ယခု 2018 ဆို သူပြန်လွတ်တော့မှာဖြစ်တဲ့ နှစ်ကြီးသမားတဦးဖြစ်ပါတယ်။ 

#8- John Silva 

John Anthony SILVA 

John Anthony SILVA ဟာ 15 နှစ်သားမှာ ပထမဆုံး အပြစ်ကျူးလွန်သူဖြစ်ပြီး သူဟာ သူ့သူငယ်ချင်းရဲ့ လည်ပင်းကို ဝါယာကြိုးနဲ့ ညှစ်သတ်ခဲ့တာဖြစ်ပြီးတော့ နောက်ထပ် အကြမ်းဖက် လူသတ်မှု 3 ခုလောက် ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ထောင်တသက် လွတ်၇က် မရှိခဲ့သူဖြစ်ပါတယ်။ 

#7- Brian Lee Draper 


Brian Lee Draper, Torey Michael Adamcik နှစ်ယောက်ဟာ အသက် 16 နှစ်မှာ သူတို့ရဲ့ ကျောင်းသွားဖော် Cassie ရဲ့ အိမ်မှာရှိနေပြီး မိန်းကို ဖျက်ဆီးကာ အိမ်ကို အမှောင်ချလိုက်တာဖြစ်ပါတယ်။29 ကြိမ်တိုင် ဓားနဲ့ ထိုးသတ်ပြီး သူတို့ဟာ အမှုမှာ တယောက်နဲ့ တယောက် ကာကွယ်ပြောဆိုခဲ့တဲ့ သစ္စာရှိသူတေါဖြစ်ပါတယ်။သူတို့ဟာ နှစ် 50 ထောင်ကျခဲ့သူတွေလဲ ဖြစ်ပါတယ်။ 

#6- Lionel Tate 

Lionel Alexander Tate ဆိုတဲ့ ကောင်လေးဟာ အမေရိကန်နိုင်ငံတွေထဲက အသက်အငယ်ဆုံးနဲ့ နှစ်အကြီး အကျဉ်းသားဖြစ်ပါတယ်။သူဟာ 2001 ခုနှစ်မှာ ခြောက်နှစ်အရွယ်ကလေးတယောက်ကို ဖလော်ရီဒါမှာ သတ်ခဲ့တာဖြစ်ပြီး သူ့ အသက် 13 နှစ်က ဖြစ်ပါတယ်။သူဟာ ရူးကြောင်ကြောင်နိုင်သူဖြစ်ပြီး လွှတ်ရက်မရှိတဲ့ အကျဉ်းသားဖြစ်ပါတယ်။ 

#5- Joshua Phillips 

Joshua Earl Patrick “Josh” Phillips ဆိုတဲ့ကောင်လေးဟာ 1999 ဂျူလိုင်မှာ လွတ်ရက်မရှိတော့တဲ့ အကျဉ်းသူ တဥိးဖြစ်ပြီး သူမ အသက် 14 နှစ်မှာ အိမ်နီးချင်း အသက် 8 နှစ်အရွယ်ကောင်မလေးကို ဘေ့စ်ဘောတုတ်နဲက ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ ရေတွင်းထဲ ပစ်ချခဲ့ပြီး သူမရဲ့ အမေဖြစ်သူက တပတ်ကြာမှ ကလေးမလေးအလောင်းကို တွေ့ခဲ့တာဖြစ်ပါတယ်။သူမဟာ ထောင်ထဲမှာ လွတ်ရက်မရှိ အကျဉ်းသားဖြစ်ခဲ့ပါတယ်။ 

#4- Ashlee Martinson 

Ashlee Anne Rose Martinson ဆိုတဲ့ ကောင်မလေးကတော့ သူ့ရဲက မိဘတွေကို ရက်စက်စွာ သတ်ခဲ့ပြီး ထင်းပုံထဲမှာ ထည့်ခဲ့တာဖြစ်ပါတယ်။သူမဟာ သူမရဲ့ သူငယ်ချင်းစုံတွဲကို အားကျခဲ့ပြီး အဲ့ဒီကိစ္စနဲက ပတ်သက်လို့ မိဘတွေကို အမြဲ အပြစ်တင် ဝေဖန်ခဲ့တာဖြစ်ပါတယ်။သူဟာ ထောင်ဒဏ် နှစ် 120 ကျခဲ့သူဖြစ်ပါတယ်။ 

#3- Eddie Devine 

Eddie Devine ဟာ လိင်ပိုင်းဆိုင်ရာပြစ်မှု၊ာကိုတင်ကြံစည်မှုနဲ့ လူသတ်မှုတွေနဲက ထောင်ကျခဲ့သူဖြစ်ပါတယ်။သူနဲ့ သူ့သူငယ်ချင်းဟာ အသက် 13 နှစ်သားမှာ အမျိုးသမီးတစ်ဥိးရဲ့ ကားကိုတားပြီး မုဒိန်းကျင့်တာနဲ့ အိတ်ကို လုပြေးတာလုပ်ခဲ့ပြီး အခြား အမျိုးသမီး လူသတ်မုဒိန်းမှုကို တခုကို ကျူးလွန်ခဲ့လို့ ထောင် နှစ် 120 ကျခံခဲ့ရပါတယ်။ 

#2- Kenneth Young 

Kenneth Young ဟာ အသက် 15 နှစ်သားမှာ သူ့အမေရဲ့ မူးယစ်ဆေးဝါးတွေ ယူသုံးရာက ဆေးဆွဲပြီး သူ့ကို ဆေးဖြတ်ဖို့ သူလေးစားသူထံ အပ်နှံရာကနေ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။သူဟာ လွတ်ရက်မရှိထောင်ကျခဲ့ပြီး ထောင်ထဲမှာပဲ သေသွားပါတယ်။ 

#1- Travion Blount 

Travion Blount ဟာ အသက် 15 နှစ်မှာ ပြစ်မှုခြောက်ခုကျူးလွန်ခဲ့ပြီး လူရမ်းကားတွေနဲ့ ပေါင်းမိရာက သေနတ်ပစ်တာ၊လုယက်တာ၊အကြမ်းဖက်တာ၊လူသတ်တာတွေ လုပ်ခဲ့ပါတယ်။အဲဒီ သူ့ရဲ့ ပြစ်မှုတွေကြောင့် ထောင်ဒဏ် နှစ် 118 နှစ် ကျခံခဲ့ရပါတယ်။ 

ဖိုးသူတော် (www.phothutaw.com) 
Credit: canywait2say

No comments:

Post a Comment