Yangon 100 PLUS Active Run မာရသွန်ပြိုင်ပွဲ
Yangon 100 PLUS Active Run မာရသွန် အပြေးပြိုင်ပွဲကို ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းနယ်မြေတွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉
Yangon 100 PLUS Active Run မာရသွန် အပြေးပြိုင်ပွဲကို ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းနယ်မြေတွင် ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲနှင့် ၃ ဒသမ ၅ ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက်ပြိုင်ပွဲဟူ၍ ထည့်သွင်း ကျင်းပခဲ့သည်။ ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲတွင် ဆန်းနိုင်က ၃၃ မိနစ် ၁၁ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဆန်းနိုင်သည် မြန်မာ့လက်ရွေးစင် ကစားသမား (ပြေးခုန်ပစ်) တစ်ဦးဖြစ်ပြီး ဆီးဂိမ်းနှင့် အခြား ဖိတ်ခေါ်ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ဖူးသူဖြစ်သည်။
ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ငွေသားဆု ၈ သိန်းကျပ်နှင့် ဆုတံဆိပ်၊ စင်ကာပူ အလည်အပတ် ခရီးစဉ်နှင့် 100 PLUS က ကူညီပံ့ပိုးထားသည့် Standard Charter စင်ကာပူ မာရသွန်ပြိုင်ပွဲ (၁၀ ကီလိုမီတာ) တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် လက်မှတ်တို့ ချီးမြှင့်ပေးခဲ့သည်။
အမျိုးသမီး ၁ဝ ကီလိုမီတာပြိုင်ပွဲတွင် သီတာချိုက ၄ဝ မိနစ် ၄၂ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သည်။ သီတာချိုသည် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲအချို့ကို ယှဉ်ပြိုင်ဖူးသူဖြစ်သည်။
ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ငွေသားဆု ၈ သိန်းကျပ်နှင့် ဆုတံဆိပ်၊100 PLUS တစ်နှစ်စာ အခမဲ့ သောက်သုံးခွင့်နှင့် ဂုဏ်ပြုတီရှပ်တို့ချီးမြှင့်ခဲ့သည်။
ယင်းပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ကြီးမှူးကာ 100 PLUS စီစဉ်မှုဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။
J-04



No comments:
Post a Comment