ရက်ပိုင်းအတွင်း ဘေရွတ်ပြန်လာမယ်လို့ ဟာရီရီ ပြောပြန်ပြီ
![]() |
| ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း နဲ့ လက်ဘနွန် ဝန်ကြီးချုပ် ဆာ့ဒ် ဟာရီရီ |
ဆော်ဒီကို ရောက်ရှိစဉ် ရာထူးက နုတ်ထွက်ဖို့ ကြေညာခဲ့တာကြောင့် လူအများက တုန်လှုပ်ခဲ့ကြတာ ဖြစ်ပြီး အဲဒီကတည်းက အခုထိ လက်ဘနွန် ပြန်မရောက်သေးပါဘူး။
သူရာထူးကနုတ်ထွက်မှုဟာ ဆော်ဒီ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် အကြပ်ကိုင်မှုကြောင့်လို့ လက်ဘနွန် ပြည်သူ အများက သံသယ ရှိနေပြီးသူ့ဆန္ဒမပါဘဲ ဆော်ဒီမှာ ထိန်းသိမ်းခံနေရတာလို့ ထင်နေကြပါတယ်။
ဒါပေမယ့် မစ္စတာ ဟာရီရီက ပဲရစ်ကို သွားပြီး သမ္မတ မက်ခရွန်းနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ လာမယ့် ဗုဒ္ဓဟူးနေ့ လက်ဘနွန် လွတ်လပ်ရေးနေ့ကျင်းပတဲ့အခါ ဘေရွတ်မြို့မှာ သူရှိနေမှာပါလို့ ပြောကြားခဲ့ပါတယ်။
BBC Burmese




No comments:
Post a Comment