ကင်ပွန်းတောင်ဆည်အတွင်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး
နိုဝင်ဘာ (၁၈) ရက် - (တောင်တွင်းကြီး)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ကင်ပွန်းတောင်ဆည်သို့ အလည်အပတ်သွားရင်း
မှတ်တမ်းတင် ဓာတ်ပုံရိုက်ရာကနေ ဆည်အတွင်း ခြေချော်ကျသွားရာ ပြန်တက်နိုင်ခြင်းမရှိဘဲ
ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါသည်။
သေဆုံးသူ ကျောင်းသားနှစ်ဦးမှာ ချောင်းနက်ကျေးရွာ အရှေ့စုနေ မောင်အောင်မျိုးထက်နှင့် မောင်မင်းမင်းဦး တို့ဖြစ်ကြပြီး အခင်းဖြစ်ပွားရာနေရာမှ တောင်တွင်းကြီးရင်ခွဲရုံသို့ ကလျာဏသုခ လူမှုကူညီရေးအသင်း မှ ပို့ဆောင် ကူညီခဲ့ပေးခဲ့ပါသည်။
Kyaw Zay Yar






No comments:
Post a Comment