ရှမ်းနှစ်သစ်ကူးပွဲ၌ ပထမဆုံးအကြိမ် ရှမ်းသီချင်းဆိုပြိုင်ပွဲ ကျင်းပမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ မြို့မ အားကစားကွင်းတွင် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ပထမဆုံးအကြိမ်အဖြစ် ရှမ်းသီချင်းဆိုပြိုင်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။

+
(ပုံစာ - ယမန်နှစ်က ကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့်စက်ဘီးစီးနင်းပွဲကို တွေ့ရစဉ်။ ဓာတ်ပုံ- ရန်နိုင်)
ကျိုင်းတုံ၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက်အတွင်းရှိ မြို့မ အားကစားကွင်းတွင် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ပထမဆုံးအကြိမ်အဖြစ် ရှမ်းသီချင်းဆိုပြိုင်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။
“ရွက်ပုန်းသီး မျိုးဆက်သစ် အဆိုတော်တွေ ပေါ်ထွက်လာဖို့ ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပပေးတာပါ။ လက်ရှိ ရှမ်းအဆိုတော်တွေက သက်တမ်း ၄၀၊ ၅၀ အရွယ်တွေမို့ သူတို့တွေ မရှိတော့ရင် မျိုးဆက်ပြတ်ကုန်မယ်။ ခေတ်ဟောင်းနဲ့ ခေတ်သစ် နှစ်မျိုးလုံး ယှဉ်ပြိုင်ခိုင်းပေမယ့် ခေတ်ဟောင်း သီချင်းက ပြိုင်သူမရှိကြဘူး”ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာ နေထိုင်သည့် ကျိုင်းတုံမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ် ကျင်းပခဲ့ကြောင်း၊၂၀၁၂ ခုနှစ်တွင် ကျိုင်းတုံမြို့၌ ကျင်းပခဲ့သည့် စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် ပြည်တွင်း၊ ပြည်ပရှိ ရှမ်းတိုင်းရင်းသားများ သိန်းချီ တက်ရောက်ခဲ့၍ အစည်ကားဆုံး နှစ်ဖြစ်ခဲ့ကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။
၂၁၁၂ ခုနှစ်မြောက် ရှမ်းနှစ်သစ်ကူး နေ့ရက်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီကျော်တွင် ကူးပြောင်းမည်ဖြစ်သော်လည်း ဟိုခုံဆရာတော်၏ ဘွဲ့တံဆိပ်တော်ရရှိခြင်း ဂုဏ်ပြုပွဲကျင်းပမည်ဖြစ်၍ အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ရွှေ့ ပြောင်း ကျင်းပမည်ဖြစ်သည်။
ယင်းပွဲတော်ရက်တွင် ရှမ်းမျိုးနွယ်စုများမှ ကပြဖျော်ဖြေ သီဆိုမည့်အပြင် ယဉ်ကျေးမှုပြခန်းများ၊ စက်ဘီးစီးနင်းပွဲများ၊ ကောက်သစ်စားပွဲနှင့် သက်ကြီးပူဇော်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ကျင်းပရေး ဗဟိုကော်မတီထံမှ သိရှိရသည်။
R-16
No comments:
Post a Comment