ဖူးပွင့်စံ မှန်လုံနှင့် တွဲကား အာရှလမ်းမှာ တိုက်မိ
နိုဝင်ဘာလ ၂၅ ရက်နေ့ ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့် က ကရင်ပြည်နယ် အာရှလမ်း သင်္ဃန်းညီနောင်အဝင် (ယခင်တပ်မဟောင်းနေရာ)တွင် ယာဉ်တိုက်မှု ဖြစ်သည်ဟု အကြောင်းကြားလာပါသဖြင့် သင်္ဃန်းညီနောင် မြို့သစ် Rescue အဖွဲ့မှ အချိန်နှင့်တပြေးညီ သွားရောက် ကူညီကယ်ဆယ်ပေးခဲ့ပါသည်။
အတွဲကားကြီးအား ဖူးပွင့်စံမှန်လုံမှ ဝင်တိုက်သည်ဟုသိရပါသည်။ မှန်လုံယာဉ်မောင်းမှာ ပိညှပ်နေပြီး ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲပါသည်။
သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့
ပရဟိတ ညီကိုယ်များ
Photo..soe moe htay







No comments:
Post a Comment