အနည်းဆုံးလုပ်ခလစာ အမြန်သတ်မှတ်ရေး နေပြည်တော်၊ ရန်ကုန်အပါအ၀င် မြို့ကြီးအချို့တွင် လှုပ်ရှားမှုပြုလုပ်
အနည်းဆုံးလုပ်ခလစာ အမြန်သတ်မှတ်ရေး နေပြည်တော်၊ ရန်ကုန်အပါအ၀င် မြို့ကြီးအချို့တွင် လှုပ်ရှားမှုပြုလုပ်
အဆိုပါ လှုပ်ရှားမှုကို အ လုပ်သမားအရေးဆောင်ရွက် သည့် အဖွဲ့အစည်း ၁၅ ခု ပူး ပေါင်းဖွဲ့စည်းထားသည့် အနည်း ဆုံးအခကြေးငွေနှင့် အလုပ်သ မား အခွင့်အရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီက ဦး ဆောင်ကျင်းပသည်။
အစိုးရက အနည်းဆုံးအခ ကြေးငွေ သတ်မှတ်ရေးနှင့်ပတ် သက်ပြီး အချိန်ကြန့်ကြာနေသော ကြောင့် အလုပ်သမားထုအတွက် ထိခိုက်နစ်နာမှု များရှိကြောင်း အနည်းဆုံးအခကြေးငွေနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင်ဦးဝဏ္ဏစိုးက ပြောသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့်ပတ်သက်ပြီး အခြေအနေမထူးခြားပါက ဒီဇင် ဘာလဆန်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နှင့် မန္တလေး မြို့ ပြည်ကြီးတံခွန်မြို့နယ်တို့၌ အလုပ်သမားထုက စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ရန် စီစဉ် ထားကြောင်း ၎င်းကပြောသည်။
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော် ရာတွင် ရန်ကုန်မြို့၌ လှိုင်သာ ယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံမြို့ နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အလုပ်သမားများ လာရောက်ပူး ပေါင်းမည်ဖြစ်ပြီး အင်အားသုံး ထောင်ခန့်ရှိမည်ဟု ၎င်းကပြော သည်။
ထို့ပြင် မန္တလေးမြို့တွင် လည်း ပလိပ်မြို့နှင့် ကျောက် ဆည်မြို့မှ အလုပ်သမားများလာ ရောက် ပူးပေါင်းမည်ဖြစ်ပြီး အင်အား တစ်ထောင်ခန့်ရှိမည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်သ မားတစ်ဦး တစ်ရက်လုပ်ခကို ကျပ် ၃,၆၀၀ အဖြစ် ၂၀၁၅ စက် တင်ဘာက ပထမဆုံးအကြိမ် သတ်မှတ်ကျင့်သုံးခဲ့သည်။
‘‘အနည်းဆုံးလုပ်ခလစာက တိုးမယ်တော့ မကြံဘူး။ ကုန်ဈေး နှုန်းတွေကတော့ တက်လာတယ်။ အလုပ်သမားတွေအားလုံးက ၂ နှစ် တစ်ကြိမ်တိုးမယ့် လုပ်ခလ စာကို အရမ်းကိုမျှော်လင့်နေ တယ်။ ဒါပေမဲ့ သူတို့မျှော်လင့် ချက်က ခုချိန်ထိ ဘာမှန်းကိုအ ကောင်အထည်ဖော်မှန်း မသိဘူး ဖြစ်နေတယ်’’ ဟု Action Labor Rights အဖွဲ့ဝင် မမိုးစန္ဒာမြင့်က ပြောသည်။



No comments:
Post a Comment