သီချင်းတွေ ဆိုဦးမယ့် အိချောပို
အိချောက သရုပ်ဆောင်ပိုင်းကိုပဲ သေချာ လုပ်မှာပါ။ အဆိုပိုင်းကို ကူးတာတော့ မဟုတ်ဘူး။ အိချောတို့က အနုပညာရှင်ဆိုတော့ အဆိုပိုင်းလည်း လေ့လာထားရတယ်။ ပရိတ်သတ်က အဆိုပိုင်းတောင်းဆိုတဲ့အခါ သီချင်းဆိုရတာလည်း ရှိတယ်။ ဒါကြောင့် အဆိုပိုင်းကို နည်းနည်းလုပ်ဖြစ်တာပါ။
နယ်ပွဲတွေမှာ သီချင်းဆိုရင်လည်း ကိုယ်ပိုင်သီချင်းလေးတွေ မရှိဘူးဖြစ်နေတယ်။ ဒါကြောင့်လည်း ကိုယ့်သီချင်းလေးတွေရှိအောင် တစ်ကိုယ်တော်ခွေလေးလုပ်ဖြစ်တာ။ အခွေကစီစဉ်နေတုန်းပါ။ နည်းနည်းပဲပြီးသေးတယ်။ ပရိတ်သတ်ကိုချ ပြဖို့တော့နီးနေပါပြီး။ အနုပညာ အသစ်အဆန်းတစ်ခုအနေနဲ့ အကောင်းဆုံးပြင်ဆင်ချပြသွားမယ်လို့ သိရပါတယ်။
အိချောက သီချင်းတွေ ဆိုရင်လဲ အားပေးကြမယ် မဟုတ်လား ပရိသတ်ကြီးရေ။



No comments:
Post a Comment