မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စင်ရပ်ကွက်မှ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင် ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာ ၅နာရီခန့်ကြာအောင် မီးငြှိမ်းသတ်ခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
မန္တလေး၊ နိုဝင်ဘာ ၁၈

“လျှပ်စစ်ပစ္စည်းဆိုင်ဆိုတော့ အထဲမှာဆိုလာပြားတွေရော၊ ပစ္စည်းတွေ အများကြီး။ အဲ့ဒီကနေ ဘေးကတိုက်ကို ကူးစပ်လောင်ကျွမ်းတာပါ။ အထဲမှာက ရာဘာတွေရော ဘာတွေရော ရှိတာဆိုတော့ ငြိမ်းမရဘူး ဖြစ်သွားတာပါ”ဟု ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦိးသန်းနိုင်က ပြောကြားသည်။

မဟာနွယ်စင်ရပ်ကွက်၊ ၃၆ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကို Level 4 သတ်မှတ်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

M-04