11.25.2017

ချမ်းချမ်း မှန်ပါတယ်လို့ဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ချမ်းချမ်း မှန်ပါတယ်လို့ဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်
အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင်ဘုဏ်းသိုက်တို့ရဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲသွားကြပြီဆိုတဲ့နောက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်က လည်း အဆိုတော်ချမ်းချမ်းအပေါ် အားပေးစကားသံကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

” ရုပ်ချောတိုင်း အကျင့်သီလကောင်းကြတာမဟုတ်ဘူး…ချမ်းသာတိုင်းလဲ အကျင့်သီလ ကောင်းကြတာမဟုတ်ဘူး…ဖောက်ပြန်တာဟာ မျိုးရိုး ရှိခြင်း မရှိခြင်းနဲ့လဲမဆိုင်ဘူး…သူ့ရဲ့ ဗီဇ …အဲဒါနဲ့ပဲဆိုင်တယ်…အသွင်တူတဲ့ လူအချင်းချင်းတွေ့သွားပြီဆိုရင် ငုပ်လျိုးနေတဲ့ ဗီဇကပေါ်လာ မှာပဲလေ…ယောက်င်္ကျားတွေ ဖောက်ပြန်ချင်လာပြီဆို အကြောင်းပြချက်မျိုးစုံပေးလာကြတယ်…တကယ်တမ်းစဉ်းစားကြည့်တော့ မိန်းမတွေ လောက် ဘာဒဏ်မှမခံနိုင်ကြဘူး….မိန်းမက ဂရုမစိုက်မိရင်လဲ မင်းကငါ့ကိုဂရုမစိုက်လို့ ငါ့ကိုဂရုစိုက်တဲ့သူနဲ့ သာယာတယ်ကွာ လို့ပြောကြမယ်။ မင်းကပုံပျက်နေလို့ ငါဖီးလ်မလာဘူးကွာလို့ ပြောကြမယ်….စသည်ဖြင့်….နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ပါအုံး..ငါရော ငါ့မိန်းမအပေါ်မှာ ဂရုစိုက်ရဲ့လား….အိပ်ခါနီးဂရုစိုက်မှုဆိုရင်တော့ ဘယ်ယောက်ျားဆီကမဆို ရပါတယ်ရှင်” လို့ အစချီလို့ ချမ်းချမ်းကို ထောက်ခံကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

ဒီဇင်ဘာလ ၁ ရက်နေ့ ရုံတင်ပြသသွားမှာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့ ရုံတင်ပြသသွားမှာပါ။ 
သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့က နှစ်ဦးသဘောတူ လင်မယားကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေးမုံသတင်းစာမှာ ပါလာခဲ့တာဖြစ်ပါတယ်။ 

ဒီလို ကွာရှင်းရခြင်းက ဘုဏ်းသိုက်ဘက်က အိမ်ထောင်ရေးဖောက်ပြန်မှုလို့ ဆိုနေကြပြီး ပရိသတ်အများစုက ချမ်းချမ်းဘက်က ရပ်တည်နေကြ တာဖြစ်ပါတယ်။ 
ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary’s Cathedral မှာ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း(၄)နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ဦးမှာတော့ မြမိုးဂင်္ဂါဆိုတဲ့ သမီး တစ်ယောက်လည်း ရှိပါတယ်။ 

No comments:

Post a Comment