လျှော့ဈေးတွေ ချတဲ့ရက်မို့ အထူးစည်ကား
လန်ဒန်မှာ ဈေးဝယ်သူတွေနဲ့ စည်ကားတဲ့ အောက်စဖို့ဒ် လမ်းက အောက်စဖို့ဒ် အဝိုင်း ဘူတာထဲနဲ့ လမ်းပေါ်မှာ သေနတ်သံတွေ ကြားလို့ ဆိုပြီး လူတွေကို ဖယ်ရှား ခဲ့ပါတယ်။ 

လက်နက်ကိုင်ရဲတွေကိုလည်း ချထားခဲ့ပါတယ်။ 

အကြမ်းဖက်နဲ့ ပတ်သက်မလား စုံစမ်းနေပြီး ဈေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာတွေကို အဆောက်အအုံတွေထဲ နေဖို့၊ လမ်းပေါ် မထွက်ဖို့ သတိပေးခဲ့ပါတယ်။ 

ခုထိ ပစ်ခတ်မှု ဖြစ်ခဲ့သလား၊ ထိခိုက်ဒဏ်ရာရသလား စုံစမ်းလို့ မရဘူးလို့ ရဲက ဆိုပါတယ်။ 

လူတွေ ဖယ်ရှားတဲ့ အချိန်မှာ ပြေးလွှား အော်ဟစ်သံတွေ ကြားရ
နောက်ဆုံး အောက်စဖို့ဒ် အဝိုင်းနဲ့ အနားက ဘွန်းလမ်း ဘူတာတွေကို ပြန်ဖွင့်ပေးလိုက်ပြီလို့လည်း သိရပါတယ်။ 

ဒီနေ့ဟာ ဘလက် ဖရိုင်ဒေး လျှော့ဈေးတွေ ချတဲ့ရက်မို့ ဈေးဝယ်သူတွေနဲ့ အထူးစည်ကားနေတာ ဖြစ်ပါတယ်။ 

လူတွေ ဖယ်ရှားတဲ့ အချိန်မှာ ပြေးလွှား အော်ဟစ်သံတွေ ကြားရတယ် လို့လည်း မျက်မြင် သက်သေတွေက ဆိုပါတယ်။